တော​လည် 19:1-10 Judson Bible (BJB)

1. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍ ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူသောပညတ်တရားဟူမူကား၊

2. အပြစ်မပါ၊ တခါမျှထမ်းဘိုးမတင်၊ ကွက်ကျားခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို၊ ဣသရေလအမျိုးသားတို့သည် ဆောင်ခဲ့မည်အကြောင်းဆင့်ဆိုလော့။

3. ယဇ်ပုရောဟိတ်ဧလာဇာ၌အပ်၍ တပ်ပြင်သို့ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူသတ်ရမည်။

4. ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကိုလက်နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖြန်းရမည်။

5. ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြားသူသည်မီးရှို့ရမည်။

6. ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသောအထည်ကိုယူ၍၊ နွားမမီးလောင်ရာထဲသို့ ပစ်ချရမည်။

7. ထိုနောက် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်းရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်။

8. မီးရှို့သောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။

9. စင်ကြယ်သောသူတစုံတယောက်သည် နွားမ၏ပြာကိုစုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သောအရပ်၌ ထားရမည်။ ဣသရေလအမျိုးပရိသတ်အဘို့ စင်ကြယ် စေသောရေဘော်ဘို့၊ ထိုပြာကိုသိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း။

10. နွားမ၏ပြာကိုစုသိမ်းသောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသောတပါးအမျိုးသားတို့သည် အစဉ်အမြဲစောင့်ရသော ပညတ်ဖြစ်သတည်း။

တော​လည် 19