တော​လည် 15:32-41 Judson Bible (BJB)

32. ဣသရေလအမျိုးသားတို့သည် တော၌ရှိကြသောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူတယောက်ကို တွေ့လေ၏။

33. တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ရှေ့သို့ ခေါ်ခဲ့ကြ၏။

34. သူ၏အမှုကိုစီရင်ရာလမ်းမထင်ရှားသေးသောကြောင့် ချုပ်ထားကြ၏။

35. ထာဝရဘုရားကလည်း၊ ထိုသူသည်အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည်တပ်ပြင်မှာ သူ့ကိုကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အားမိန့်တော်မူ၍၊

36. ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ကြသဖြင့် သူသည်အသေခံရ၏။

37. တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

38. သူတို့အမျိုးအစဉ်အဆက်တို့သည်၊ အဝတ်စွန်းတို့၌ ဆွဲစရာဘို့ပန်းပွားတို့ကို လုပ်၍၊ ပြာသောကြိုးနှင့် ချည်တွဲရကြမည်။

39. ထိုပန်းပွားတို့ကို သင်တို့သည်ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက်မေ့၍ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့လိုက်လျက်၊ ကိုယ်ဉာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်မမှီဝဲ၊

40. ငါပညတ်သမျှတို့ကို အောက်မေ့၍ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ပြုရမည်။

41. ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။

တော​လည် 15