13. အာရှာအမျိုး၊ မိက္ခေလသားသေသုရ။
14. နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
15. ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊
16. ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှါ မောရှေစေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
17. ခါနာန်ပြည်ကိုစူးစမ်းစေခြင်းငှါ မောရှေစေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့်သွား၍ တောင်ရိုးပေါ်သို့တက်ကြလော့။
18. ထိုပြည်သည် အဘယ်သို့သောပြည် ဖြစ်သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အားနည်းသလော။ များသလော၊ နည်းသလော။