တော​လည် 10:29-33 Judson Bible (BJB)

29. မောရှေကလည်း၊ ထာဝရဘုရားသည်ဂတိတော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့သည်ယခုခရီးသွားကြ၏။ ငါတို့နှင့် အတူလိုက်၍လာပါ။ ငါတို့သည်ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည်ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊

30. ဟောဗပ်ကငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာသို့ ပြန်သွားပါမည်ဟု မောရှေအားဆို၏။

31. မောရှေကလည်း၊ ငါတို့ကိုစွန့်ပစ်၍မသွားပါနှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ်ရပါ၏။

32. ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကို ငါတို့သည်ခံရသည်အတိုင်း သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။

33. ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။

တော​လည် 10