တော​လည် 10:19-32 Judson Bible (BJB)

19. ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ်ရ၏။

20. ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ၏။

21. ကောဟတ်သားတို့သည် သန့်ရှင်းရာဌာနတန်ဆာတို့ကိုထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသောသူတို့သည် တဲတော်ကို ထူထောင် ရကြ၏။

22. ဧဖရိမ်တပ်အစဉ်အတိုင်းအလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ်သားဧလိရှမာအုပ်ရ၏။

23. မနာရှေတပ်ကို ပေဒါဇုရသားဂါမလျေလအုပ်ရ၏။

24. ဗင်္ယာမိန်တပ်ကို ဂိဒေါနိသားအဘိဒန်အုပ်ရ၏။

25. နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသားအဟေဇာအုပ်ရ၏။

26. အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ်ရ၏။

27. နဿလိတပ်ကို ဧနန်သားအဟိရအုပ်ရ၏။

28. ထိုသို့ဣသရေလအမျိုးသားတို့သည် ချီသွားေသာအခါ တပ်များအစဉ်အတိုင်းချီ၍ ခရီးသွားကြ၏။

29. မောရှေကလည်း၊ ထာဝရဘုရားသည်ဂတိတော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့သည်ယခုခရီးသွားကြ၏။ ငါတို့နှင့် အတူလိုက်၍လာပါ။ ငါတို့သည်ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည်ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊

30. ဟောဗပ်ကငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာသို့ ပြန်သွားပါမည်ဟု မောရှေအားဆို၏။

31. မောရှေကလည်း၊ ငါတို့ကိုစွန့်ပစ်၍မသွားပါနှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ်ရပါ၏။

32. ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကို ငါတို့သည်ခံရသည်အတိုင်း သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။

တော​လည် 10