15. ဣသခါတပ်ကို၊ ဇုအာသားနာသနေလအုပ်၏။
16. ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘအုပ်ရ၏။
17. တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။
18. ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသားဧလိဇုရအုပ်ရ၏။
19. ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ်ရ၏။
20. ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ၏။
21. ကောဟတ်သားတို့သည် သန့်ရှင်းရာဌာနတန်ဆာတို့ကိုထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသောသူတို့သည် တဲတော်ကို ထူထောင် ရကြ၏။