16. ဤသူတို့သည် ပရိသတ်တွင်ကျော်စောသောသူ၊ အဆွေအမျိုး သူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
17. ထိုသို့နာမည်ဖြင့်ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့် အာရုန်သည်ခေါ်၍၊
18. ဒုတိယလ၊ ပဌမနေ့၌ ပရိသတ်အပေါင်းကိုစည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကိုဘော်ပြ၍ အနှစ်နှစ်ဆယ်အလွန်သောသူတို့၏နာမည်ပေါင်းကို မှတ်သဖြင့်၊
19. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကိုရေတွက်လေ၏။
20. ဣသရေလ၏သားဦး၊ ရုဗင်၏အမျိုးသားတို့တွင် အဆွေအမျိုး အသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
21. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း လေးသောင်းခြောက်ထောင်ငါးရာ ရှိကြ၏။
22. ရှိမောင်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
23. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ယောက်ျားပေါင်း ငါးသောင်းကိုးထောင်သုံးရာရှိကြ၏။
24. ဂဒ်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
25. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း လေးသောင်းငါးထောင်ခြောက်ရာငါးဆယ် ရှိကြ၏။