တမန်တော်ဝတ္ထု 26:24-26 Judson Bible (BJB)

24. ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ ရောက်ခဲ့ပြီဟုကြီးသော အသံနှင့်ဆို၏။

25. ပေါလုကလည်း၊ မြတ်တော်မူသောဖေတ္တမင်း၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်သော စကားကို ပြောပါ၏။

26. ဤအရာများကိုအဂြိပ္ပမင်းကြီး သိတော်မူ၏။ ထိုမင်းရှေ့တော်၌ အကျွန်ုပ်အတည့်အလင်း လျှောက်ဝံ့ ပါ၏။ ဤအမူအရာ တစုံတခုကိုမျှ မင်းကြီးမသိဘဲ နေတော်မမူဟုအကျွန်ုပ်ထင်ပါ၏။ အကြောင်းမူကား၊ ဤအမှုသည် ဆိတ်ကွယ်ရာအရပ်၌ ပြုသောအမှု မဟုတ်ပါ။

တမန်တော်ဝတ္ထု 26