တမန်တော်ဝတ္ထု 23:33-35 Judson Bible (BJB)

33. မြင်းစီးသူရဲတို့သည် ကဲသရိမြို့သို့ရောက်လျှင်၊ စစ်သူကြီး၏ စာကိုမြို့ဝန်မင်းလက်သို့အပ်ပေး၍၊ ပေါလုကိုလည်း ရှေ့တော်၌ သွင်းထားကြ၏။

34. မြို့ဝန်မင်းသည် စာကိုဘတ်ပြီးမှ၊ အဘယ်မြို့နှင့် ဆိုင်သနည်းဟု မေး၍၊ ကိလိကိပြည်သားဖြစ်သည်ကို ကြားသိလျှင်၊

35. သင့်ကိုအမှုလုပ်သောသူတို့သည် ရောက်လာသောအခါ ငါနားထောင်မည်ဟု ဆို၍၊ ပေါလုသည် ဟေရုဒ်မင်း၏အိမ်တော်၌ အချုပ်ခံလျက်နေစေဟု စီရင်လေ၏။

တမန်တော်ဝတ္ထု 23