10. ပေါလုသည်လည်းအောက်သို့ ဆင်း၍သူ၏ အပေါ်သို့ကိုယ်ကို လှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ်သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ ဟုဆို၍ တက်ပြန်လေ၏။
11. မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုဃ်းလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှထွက်သွား၏။
12. အသက်ရှင်လျက်ရှိသောထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်းရှိကြ၏။
13. ငါတို့သည် ပေါလုအရင်သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကို ခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။
14. အဿုမြို့၌ သူသည်ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။