တမန်တော်ဝတ္ထု 10:24-28 Judson Bible (BJB)

24. ထိုနောက်တနေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မြော်လင့်လျက်နေကြ၏။

25. ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။

26. ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။

27. ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိ ကြသော လူများကိုတွေ့လျှင်၊

28. ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တပါး အမျိုးသားတို့နှင့် မပေါင်းတော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ် ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။

တမန်တော်ဝတ္ထု 10