တမန်တော်ဝတ္ထု 1:6-9 Judson Bible (BJB)

6. ထိုတမန်တော်တို့သည်လည်းစုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုးသားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊

7. သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့်စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။

8. ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရ်ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။

9. တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကိုမျက်ကွယ်အောင် ခံယူလေ၏။

တမန်တော်ဝတ္ထု 1