တမန်တော်ဝတ္ထု 1:23-26 Judson Bible (BJB)

23. ဗာရှဗဟု ခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့်မဿိကိုခန့်ထား၍၊

24. ဤသို့ဆုတောင်းကြ၏။

25. လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသောသခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေခြင်းငှါ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊

26. စာရေးတံချကြသဖြင့် မဿိသည်စာရေးတံကိုရ၍၊ တကျိပ်တပါးသောတမန်တော်တို့နှင့် ရေတွက်ဝင် ခြင်းသို့ရောက်လေ၏။

တမန်တော်ဝတ္ထု 1