ဆာ​လံ 94:5-14 Judson Bible (BJB)

5. အိုထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ လူတို့ကို နှိပ်စက်၍၊ အမွေတော်ကို ညှဉ်းဆဲကြပါ၏။

6. မုတ်ဆိုးမနှင့် ဧည့်သည်ကို၎င်း၊ မိဘမရှိသော သူငယ်ကို၎င်း သတ်ကြပါ၏။

7. သို့ရာတွင်၊ ထာဝရဘုရားသခင်သည် မမှတ် တတ်ဟု ဆိုကြပါ၏။

8. တိရစ္ဆာန်သဘောရှိသောသူတို့၊ နားလည် ကြလော့။ လူမိုက်တို့၊ အဘယ်ကာလမှ ပညာသတိကို ရကြလိမ့်မည်နည်း။

9. နားကို စိုက်ထားတော်မူသောသူသည် မကြားရ သလော။ မျက်စိကို ဖန်ဆင်းတော်မူသော သူသည် မမြင်ရသလော။

10. လူအမျိုးမျိုးတို့ကို ဆုံးမတော်မူသောသူသည် အပြစ်မပေးရသလော။ လူတို့အား ပညာအတတ်ကို သွန်သင်တော်မူသော သူသည် ကိုယ်တိုင်ပညာအတတ် မရှိသလော။

11. လူတို့၏အကြံအစည်သည် အချည်းနှီးဖြစ် ကြောင်းကို ထာဝရဘုရား သိတော်မူ၏။

12. အို ထာဝရဘုရား၊ မတရားသော သူတို့အဘို့ တွင်းတူးစဉ်အခါ၊

13. ဒုက္ခနေ့ရက်ကာလနှင့် လွတ်ခြင်းချမ်းသာကို ပေးအံ့သောငှါ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကို သွန်သင်တော်မူသောသူသည် မင်္ဂလာရှိပါ၏။

14. ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေ တော်ကို စွန့်ပစ်တော်မမူ။

ဆာ​လံ 94