1. အို ဘုရားရှင်၊ ကိုယ်တော်သည် ကာလ အစဉ် အဆက် အကျွန်ုပ်တို့ ခိုလှုံရာ ဖြစ်တော်မူ၏။
2. တောင်များကို မဘော်၊ မြေကြီးနှင့် လောက ဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင် အောင် ဘုရားသခင်ဖြစ်တော်မူ၏။
3. လူမျိုးကိုကား၊ ကြေမွစေတော်မူ၏။ အချင်း လူသားတို့၊ ပြန်ကြလော့ဟု မိန့်တော်မူ၏။