ဆာ​လံ 9:16-20 Judson Bible (BJB)

16. ထာဝရဘုရားသည် တရားစီရင် ဆုံးဖြတ်တော်မူ ခြင်းအားဖြင့် ထင်ရှားတော်မူ၏။ မတရားသောသူသည် မိမိလုပ်သော အလုပ်ထဲမှာ ကျော့မိခြင်းကိုခံရ၏။

17. မတရားသောသူတို့နှင့် ဘုရားသခင်ကို မေ့ လျော့သော အမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကို ခံရကြလိမ့်မည်။

18. ငတ်မွတ်သော သူတို့ကို အစဉ်မေ့လျော့တော် မမူ။ ဆင်းရဲသော သူတို့သည် မြော်လင့်၍ မရဘဲ အစဉ် မနေရကြ။

19. အိုထာဝရဘုရား၊ ထတော်မူပါ။ လူမနိုင်ပါစေ နှင့်။ တပါးအမျိုးသားတို့သည် ရှေ့တော်၌ စစ်ကြောစီရင် ခြင်းကို ခံရကြပါစေသော။

20. အိုထာဝရဘုရား၊ သူတို့ကို ချောက်လှန့်တော် မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။

ဆာ​လံ 9