ဆာ​လံ 89:47-50 Judson Bible (BJB)

47. အကျွန်ုပ်၏ အသက်တာသည် အဘယ်မျှ လောက် တိုသည်ကို၎င်း၊ အဘယ်မျှလောက်ပျက်တတ် စေခြင်းငှါ၊ လူသားအပေါင်းတို့ကို ဖန်ဆင်းတော်မူသည် ကို၎င်း၊ အောက်မေ့တော်မူပါ။

48. သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ် ကို မရဏနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သော သူကား အဘယ်သူနည်း။

49. အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ် တော်၏ ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေး ကရုဏာတော်သည် အဘယ်မှာ ရှိပါသနည်း။

50. အိုထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်တို့သည် ခံရသောကဲ့ရဲ့ခြင်းကို အောက်မေ့တော်မူပါ။ များစွာ သော လူတို့၏ အမှုအလုံးစုံကို အကျွန်ုပ်သည် ကိုယ် ရင်ခွင်၌ ဆောင်ရပါ၏။

ဆာ​လံ 89