ဆာ​လံ 89:43-46 Judson Bible (BJB)

43. သူ၏ထားသွားကိုလိပ်စေ၍၊ သူစစ်တိုက်ရာတွင် ထောက်မတော်မမူပါ။

44. သူ၏ဘုန်းကိုကွယ်စေ၍၊ သူ၏ရာဇပလ္လင်ကို မြေသို့နှိမ့်ချတော် မူပြီ။

45. သူ၏ပျိုသောအရွယ်ကို တိုစေ၍ အရှက်ခွဲတော် မူပြီ။

46. အို ထာဝရဘုရား၊ ကိုယ်တော်သည် အလျှင်း မထင်ရှားဘဲ၊ အဘယ်မျှကာလပတ်လုံးပုန်း၍ နေတော် မူမည်နည်း။ အမျက်တော်သည် အဘယ်မျှကာလပတ်လုံး မီးကဲ့သို့ လောင်ရပါမည်နည်း။

ဆာ​လံ 89