ဆာ​လံ 81:9-13 Judson Bible (BJB)

9. သင်၌ တပါးအမျိုး၏ ဘုရားမရှိရ။ တကျွန်း တနိုင်ငံဘုရားကို မကိုးကွယ်ရ။

10. ငါသည်သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ သင်၏နှုတ်ကို ကျယ်ကျယ်ဖွင့်လော့။ ဝပြောစွာ ကျွေး မည်။

11. ငါ၏လူများမူကား၊ ငါ့စကားကို နားမထောင်ကြ။ ဣသရေလအမျိုးသည် ငါ့ကိုအလိုမရှိကြပါတကား။

12. ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာခြင်း၌ အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။

13. ငါ၏လူစုသည် ငါ့စကားကို နားထောင်၍၊ ဣသရေလအမျိုးသည် ငါ့လမ်း၌ လိုက်ပါစေသော။

ဆာ​လံ 81