ဆာ​လံ 76:1-5 Judson Bible (BJB)

1. ယုဒပြည်မှာ ဘုရားသခင်ကို သိကြ၏။ ဣသရေလ တိုင်းမှာ နာမတော်သည် ကြီးမြတ်လေ၏။

2. ယေရုရှလင်မြို့မှာ တဲတော်ရှိ၏။ ဇိအုန်တောင် မှာ ကျိန်ဝပ်လျက် နေတော်မူ၏။

3. ထိုအရပ်၌ လေးမြှား၊ ဒိုင်းလွှား၊ ထားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။

4. သင်သည် သားရဲနေသော တောင်တို့ထက်ဘုန်းသာ၍ ကြီးမြတ်ပေ၏။

5. ရဲရင့်သော သူတို့သည် လုယူခြင်း ကို ခံရ၍ အိပ်ပျော်ကြပြီ။ အားကြီးသော သူတစုံ တယောက်မျှ မိမိလက်ကို မတွေ့ရ။

ဆာ​လံ 76