ဆာ​လံ 74:14-23 Judson Bible (BJB)

14. လဝိသန်၏ ဦးခေါင်းတို့ကို နှိပ်စက်၍ တော တွင်းသားတို့ စားစရာဘို့ အပ်ပေးတော်မူပြီ။

15. စမ်းရေနှင့်ချောင်းရေကို ပေါက်စေတော်မူပြီ။ ရေမပြတ်သော မြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူပြီ။

16. နေ့နှင့်ညဉ့်ကို ပိုင်တော်မူ၏။ နေမှစ၍ အလင်း အိမ်တို့ကို ဖန်ဆင်းတော်မူပြီ။

17. မြေကြီး၏ အကန့်အကွက်ရှိသမျှတို့ကို၎င်း၊ နွေကာလနှင့် ဆောင်းကာလကို၎င်း စီရင်တော်မူပြီ။

18. ရန်သူတို့သည် ထာဝရဘုရားကိုကဲ့ရဲ့၍၊ လူမိုက်တို့ သည် နာမတော်အား မထီမဲ့မြင်ပြုကြသည်ကို အောက် မေ့တော်မူပါ။

19. ကိုယ်တော်၏ ချိုးငှက်အသက်ကို သားရဲ၌ အပ်တော်မမူပါနှင့်။ ကိုယ်တော်၏ ဆင်းရဲသားတို့ အစည်းအဝေးကို အစဉ်မေ့လျော့တော်မမူပါနှင့်။

20. ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သော အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။

21. နှိပ်စက်ခြင်းကို ခံရသောသူတို့သည် စိတ်ပျက်၍ မသွားကြပါ စေနှင့်။ ဆင်းရဲငတ်မွတ်သောသူတို့သည် နာမတော်ကို ချီးမွမ်းကြပါစေသော။

22. အို ဘုရားသခင်၊ ထတော်မူပါ။ ကိုယ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။ မိုက်သောသူသည် ကိုယ်တော် အား အစဉ်ကဲ့ရဲ့သည်ကို အောက်မေ့တော်မူပါ။

23. ကိုယ်တော်၏ရန်သူတို့ အသံကို မေ့လျော့တော် မမူပါနှင့်။ ကိုယ်တော်ကို ပုန်ကန်သောသူတို့၏ ရုန်းရင်း ခတ်ခြင်းအသံသည် အစဉ်မပြတ်တိုးတက်လျက်ရှိပါ၏။

ဆာ​လံ 74