ဆာ​လံ 74:1-4 Judson Bible (BJB)

1. အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း။

2. ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက် မေ့တော်မူပါ။

3. သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲ သုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။

4. ကိုယ်တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော်အရာ ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။

ဆာ​လံ 74