ဆာ​လံ 69:1-5 Judson Bible (BJB)

1. အကျွန်ုပ်ကို ကယ်ယူတော်မူပါဘုရား။ ရေသည် အကျွန်ုပ်အသက်ဝိညာဉ်တိုင်အောင် ရောက်ပါပြီ။

2. ခြေနင်းရာမရှိ။ နက်လှသော ရွှံ့ထဲမှာ ကျွံပါပြီ။ လှိုင်းတံပိုးလွှမ်းမိုးရာ နက်သော ရေထဲသို့ ရောက်ပါပြီ။

3. အော်ဟစ်၍ ပင်ပန်းပါပြီ။ လည်ချောင်းခြောက်ပါပြီ။ အကျွန်ုပ်၏ ဘုရားသခင်ကို အကျွန်ုပ်မျှော်ကြည့် ၍ မျက်စိပျက်ပါပြီ။

4. အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက်များကြပါ၏။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏။

5. အိုဘုရားသခင်၊ အကျွန်ုပ်မိုက်ခြင်းအမှုကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်၏အပြစ်တို့ကို ရှေ့တော်၌ ဝှက်၍ မထားရပါ။

ဆာ​လံ 69