ဆာ​လံ 67:1-3 Judson Bible (BJB)

1. ဘုရားသခင်သည် အကျွန်ုပ်တို့ကို သနားခြင်း ကရုဏာစိတ်တော်ရှိသဖြင့်၊ ကောင်းကြီးပေး၍ မျက်နှာတော်၏အလင်းကို လွှတ်တော်မူပါစေသော။

2. ထိုသို့သောအားဖြင့် မြေကြီးသားတို့သည် အမှုတော်တို့ကို သိ၍၊ ခပ်သိမ်းသော လူမျိုးတို့သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ခံရကြပါစေသော။

3. အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။

ဆာ​လံ 67