ဆာ​လံ 66:17-20 Judson Bible (BJB)

17. ငါသည် ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍၊ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ။

18. ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။

19. ယခုမူကား၊ ဘုရားသခင်သည် နားထောင်၍၊ ငါမြွက်ဆိုသော ပဌနာစကားသံကို မှတ်တော်မူပြီ။

20. ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း။

ဆာ​လံ 66