ဆာ​လံ 61:3-8 Judson Bible (BJB)

3. ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သော ရဲတိုက်ဖြစ်တော်မူ၏။

4. တဲတော်၌ အစဉ်နေပါမည်။ အတောင်တော်ဖုံးအုပ်ရာ၌ ခိုလှုံပါမည်။

5. အို ဘုရားသခင်၊ အကျွန်ုပ်ပြုသော သစ္စာဂတိတို့ကို ကြားတော်မူ၏။ နာမတော်ကို ကြောက်ရွံ့သော သူတို့၏အမွေကို အကျွန်ုပ်အား ပေးတော်မူလိမ့်မည်။

6. ရှင်ဘုရင်၏ အသက်နေ့ရက်ကာလကို ရှည်စေတော်မူ၍၊ နှစ်စဉ်မပြတ် နိစ္စထာဝရ တည်ပါစေသော။

7. ဘုရားသခင် ရှေ့တော်၌ အနန္တကာလပတ်လုံး နေတော်မူစေသတည်း။ ကရုဏာနှင့် သစ္စာတော်သည် သူ့ကို စောင့်မစေသတည်း။

8. သို့ဖြစ်၍ နေ့ရက်အစဉ်အတိုင်း သစ္စာဝတ်ကို ဖြေခြင်းငှါ၊ နာမတော်ကို အစဉ်အမြဲ ထောမနာသီချင်း ဆိုပါလေအံ့သတည်း။

ဆာ​လံ 61