5. ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
6. သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်။
7. ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်း ဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။