ဆာ​လံ 59:4-8 Judson Bible (BJB)

4. အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည် ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှါ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။

5. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၊ သာသနာပ လူအပေါင်းတို့ကို ဆုံးမခြင်းငှါ နိုးတော်မူပါ။ ဒုစရိုက်၌ ကျင်လည်သောသူ တစုံတယောက်ကိုမျှ သနား တော်မမူပါနှင့်။

6. သူတို့သည် ညဦးယံ၌ ပြန်လာ၍၊ ခွေးဘာသာ အတိုင်း မြည်လျက် မြို့ကိုလှည့်ပတ်ကြပါစေသော။ ၏စ

7. ထိုသူတို့သည် စော်ကားသော စကားကိုပြော၍၊ သူတို့နှုတ်ခမ်း တွင်ထားပါလျက်အဘယ်သူကြားလိမ့် မည်နည်းဟု ဆိုတတ်ကြပါ၏။

8. သို့ရာတွင်၊ အိုထာဝရဘုရား၊ ကိုယ်တော်သည် သူတို့ကို ပြုံးရယ်၍ သာသနာပလူအပေါင်းတို့ကို ကဲ့ရဲ့တော်မူမည်။

ဆာ​လံ 59