ဆာ​လံ 56:9-12 Judson Bible (BJB)

9. ဘုရားသခင်သည် ငါ့ဘက်မှာ နေတော်မူသော ကြောင့်၊ ငါအော်ဟစ်သောအခါ ရန်သူတို့သည် လှန်ခြင်း ကို ခံရကြမည်ကို ငါသိ၏။

10. ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားမည်။ ထာဝရဘုရားကို အမှီပြု၍ နှုတ်ကပတ် တော်၌ ဝါကြွားမည်။

11. ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ ပြုနိုင် သနည်း။

12. အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကို ဖြေလျက်ကိုယ်တော် ကို ချီးမွမ်းပါမည်။

ဆာ​လံ 56