ဆာ​လံ 52:2-9 Judson Bible (BJB)

2. သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စားသဖြင့်၊ သူ့အကျိုးကို ဖျက်ခြင်းအမှုကို ပြုစု တတ်၏။

3. သင်သည် သုစရိုက်ထက်ဒုစရိုက်ကို၎င်း၊ ဖြောင့် မတ်သောစကား ထက်မုသာစကားကို၎င်း သာ၍ နှစ်သက်တတ်၏။

4. အိုလှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီး သော စကားရှိသမျှတို့ကို နှစ်သက်တတ်၏။

5. အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲက နှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်။

6. ဖြောင့်မတ်သော သူတို့သည်မြင်၍ ကြောက်ရွံ့ ကြလိမ့်မည်။

7. ဘုရားသခင်ကိုမခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ခိုင်ခံ့သော သူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။

8. ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ ကရုဏာ တော်၌ ကာလအစဉ်အမြဲကိုးစားမည်။

9. ကိုယ်တော်စီရင်တော်မူသောကြောင့်၊ အကျွန်ုပ် သည် ကိုယ်တော်ကို ကာလအစဉ်အမြဲ ချီးမွမ်းပါမည်။ ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်။

ဆာ​လံ 52