ဆာ​လံ 49:13-16 Judson Bible (BJB)

13. ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာ ဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ၏။

14. ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။

15. ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုးမှ ရွေးတော်မူမည်။

16. သူတပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ် အသရေတိုးပွါးသောအခါ သင်သည် မစိုးရိမ်နှင့်။

ဆာ​လံ 49