ဆာ​လံ 47:2-5 Judson Bible (BJB)

2. အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။

3. လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း နှိမ့်ချတော်မူ၏။

4. ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဘို့ ရွေးပေးတော်မူ၏။

5. ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။

ဆာ​လံ 47