13. အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင်၌နေသော သူများပြက်ယယ်ပြု၍၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏။
14. တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်း ရသောအခွင့်၊ လူစုတို့သည် ခေါင်းညှိတ်ရသောအခွင့်ကို ပေးတော်မူ၏။
15. ကဲ့ရဲ့သောသူနှင့် အသရေဖျက်သော သူ၏ စကားကြောင့်၎င်း၊
16. ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာများကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။