1. ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည်။
2. ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်း သာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။
3. သူသည်နာဖျား၍ တုံးလုံးနေသောအခါ၊ ထာဝရ ဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော် မူမည်။