ဆာ​လံ 40:16-17 Judson Bible (BJB)

16. ကိုယ်တော်ကိုရှာသော သူအပေါင်းတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ရွင်လန်းကြပါစေသော။ ကယ်တင်တော်မူခြင်းကျေးဇူးကို နှစ်သက်သောသူတို့ သည် ထာဝရဘုရားဘုန်းကြီးတော်မူစေသတည်းဟု အစဉ်မပြတ်ပြောကြပါစေသော။

17. အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရား သည် အကျွန်ုပ်ကို အောက်မေ့တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင် သောသူဖြစ်တော်မူ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ ဆိုင်းလင့်တော်မမူပါနှင့်။

ဆာ​လံ 40