10. ဖြောင့်မတ်စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ်သည် ကိုယ်နှလုံးထဲမှာ ဝှက်၍မထားပါနှင့်။ သစ္စာစောင့်တော်မူခြင်းတရားနှင့် ကယ်တင်တော်မူခြင်း တရားနှင့် ကယ်တင်တော်မူခြင်းတရားကို ဟောပြော ပါပြီ။ ကရူဏာတော်နှင့် သစ္စာတော်ကို ပရိသတ်ကြီး အလယ်မှာ မထိမ်းဝှက်ပါ။
11. အိုထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက် တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်။ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော။
12. အကြောင်းမူကား၊ အတိုင်းမသိများစွာသော ဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော် ၍ မကြည့်နိုင်အောင်ခံရသော အပြစ်တို့သည် အကျွန်ုပ် ကို မှီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက်များပြားသည် ဖြစ်၍၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။
13. အိုထာဝရဘုရား၊ အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်မစခြင်းငှါ အလျင်မမြန်ပြုတော်မူပါ။
14. အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေ သော။ အကျွန်ုပ်၌ အန္တရယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေ သော။
15. အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေ သော။