ဆာ​လံ 37:8-12 Judson Bible (BJB)

8. အမျက်မထွက်စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ် လော့။ ပြစ်မှားစေခြင်းငှါ တိုက်တွန်းတတ်သော စိတ် မရှိစေနှင့်။

9. ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ ပြည်တော်ကို အမွေခံရကြလိမ့်မည်။

10. ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍မတွေ့ရ။

11. စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ လိမ့်မည်။

12. မတရားသောသူသည် ဖြောင့်မတ်သော သူတဘက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။

ဆာ​လံ 37