ဆာ​လံ 29:1-7 Judson Bible (BJB)

1. အိုဘုရားသခင်သားတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။

2. ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံလျက်၊ သန့်ရှင်းသောတန်ဆာကို ဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြလော့။

3. ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာ ပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရား သခင်သည် မိုဃ်းချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသောရေပေါ်မှာ ရှိတော်မူ၏။

4. ထာဝရဘုရား၏ အသံတော်သည် တန်ခိုး နှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။

5. ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင် တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန်အာရဇ်တော်ကို ချိုးတော်မူ၏။

6. တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တော နှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း ခုန်စေတော်မူ၏။

7. ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။

ဆာ​လံ 29