ဆာ​လံ 18:27-37 Judson Bible (BJB)

27. နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည် ကယ်တင်၍၊ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချ တော်မူ၏။

28. အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍၊ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏မှောင်မိုက်ကို လင်းစေတော်မူ၏။

29. အကျွန်ုပ်သည် ကိုယ်တော်ကိုအမှီပြု၍၊ တပ်ကို ဖျက်ပါပြီ။ အကျွန်ုပ်၏ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ။

30. ဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏။ ထာဝရဘုရား၏သစ္စာတော်သည် အစစ်ခံ၍ တည်၏။ ခိုလှုံသော သူအပေါင်းတို့၏ အကွယ်အကာ ဖြစ်တော်မူ၏။

31. ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း။ ငါတို့ ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း။

32. ထိုဘုရားသခင်သည် ငါ့ကိုခွန်အား ခါးပန်းနှင့် စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏။

33. ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။

34. ငါ့လက်ကို စစ်မှု၌လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍၊ ကြေးဝါးလေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏။

35. ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်း လွှားကို အပ်၍၊ လက်ျာလက်တော်အားဖြင့် မစတော် မူ၏။ သည်းခံတော်မူခြင်းအားဖြင့် အကျွန်ုပ်သည် ချီးမြှောက်ခြင်းသို့ ရောက်ပါ။

36. အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေ မချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊

37. အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့်၊ သူတို့ကို မပယ်ရှင်းမှီတိုင်အောင် မပြန်ပါ။

ဆာ​လံ 18