ဆာ​လံ 18:16-23 Judson Bible (BJB)

16. ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။

17. ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။

18. ဘေးဥပဒ်ရောက်သောကာလ၌ သူတို့သည် ဆီးတားသော်လည်း၊ ထာဝရဘုရားသည်ငါမှီခိုရာဖြစ်၍၊

19. ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။

20. ငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရ ဘုရားသည် အကျိုးကို ပေး၍၊ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏။

21. အကြောင်းမူကား၊ ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏။ ငါ၏ဘုရားသခင့်ထံမှ ပြစ်မှား၏မသွား။

22. စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက် ပြု၏။ အထုံးအဖွဲ့တော်တို့ကို မပယ်၊

23. ရှေ့တော်မှာဖြောင့်မတ်၍၊ ကိုယ်ဒုစရိုက်ကို ကြဉ် ရှောင်၏။

ဆာ​လံ 18