ဆာ​လံ 149:2-5 Judson Bible (BJB)

2. ဣသရေလအမျိုးသည် မိမိကိုဖန်ဆင်း တော်မူသော ဘုရားကိုအမှီပြု၍ ဝမ်းမြောက်စေ။ ဇိအုန် သားတို့သည် မိမိတို့ရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်း ကြစေ။

3. သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်း ကြစေ။ ပတ်သာနှင့်စောင်းကို တီးလျက် ထောမနာ သီချင်းဆိုကြစေ။

4. အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစု ကို နှစ်သက်တော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏။

5. သန့်ရှင်းသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ။

ဆာ​လံ 149