1. အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုချီးမွမ်းလော့။
2. ငါသည် အသက်ရှင်စဉ်အခါ၊ ထာဝရဘုရားကို ချီးမွမ်း မည်။ ငါဖြစ်စဉ်ကာလပတ်လုံး၊ ငါ၏ဘုရားသခင်ကို ထောမနာသီချင်းဆိုမည်။
3. မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။
4. သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ် ၏။ ထိုနေ့ခြင်းတွင်၊ သူ၏အကြံအစည်တို့သည် ပျက်စီး ကြ၏။
5. ယာကုပ်အမျိုး၏ ဘုရားသခင်မစတော်မူသော သူ၊ မိမိဘုရားသခင် ထာဝရဘုရားကို မြော်လင့်သော သူသည် မင်္ဂလာရှိ၏။