12. အကျွန်ုပ်တို့၏သားတို့သည် အရွယ်ပျိုစဉ်တွင်၊ ကြီးပွါးသော ပျိုးပင်ကဲ့သို့၎င်း၊ သမီးတို့သည် ဘုံဗိမာန် နည်းတူထုသော တိုက်ထောင့်ကျောက်တိုင်ကဲ့သို့၎င်း ဖြစ်ကြပါစေသော။
13. အကျွန်ုပ်တို့၏ ဘဏ္ဍာတိုက်တို့သည် အစား အသောက်အသုံးအဆောင်များနှင့်ပြည့်စုံခြင်း၊ သိုးတို့ သည် ပြင်အရပ်တို့၌ အထောင်အသောင်းမွေးဘွားခြင်း၊
14. နွားတို့သည်လည်း ကြီးပွါးများပြားခြင်း ရှိပါ စေသော။ အနိုင်အထက်ဝင်ခြင်းမရှိ။ သိမ်းသွားခြင်းမရှိ။ လမ်းတို့၌ ကြွေးကြော်မြည်တမ်းခြင်းမရှိပါစေနှင့်။