ဆာ​လံ 136:5-12 Judson Bible (BJB)

5. ကရုဏာတော်အစဉ်အမြဲ တည်သည်ဖြစ်၍၊ ပညာတရားအတိုင်း ကောင်းကင်ကို ဖန်ဆင်းတော်မူ ထသော၊

6. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ရေပေါ်မှာ မြေကြီးကို ဖြန့်တော်မူထသော၊

7. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အလင်းအိမ်ကြီးတို့ကို ဖန်ဆင်းတော်မူထသော၊

8. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ နေ့ကိုအုပ်စိုးရသော နေကို၎င်း၊

9. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ညဉ့်ကို အုပ်စိုးရသော လနှင့်ကြယ်များကို၎င်း ဖန်ဆင်း တော်မူထသော၊

10. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အဲဂုတ္တုပြည်မှာ သားဦးများကို ဒဏ်ခတ်တော်မူထသော၊

11. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊

12. ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍၊ ဣသရေလအမျိုးကို အဲဂုတ္တုပြည်သားတို့ အထဲက ထုတ်ဆောင်တော်မူထသော၊

ဆာ​လံ 136