1. ဘမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရား ပြန်လာစေတော်မူသောအခါ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ ဖြစ်ကြ၏။
2. ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်၎င်း၊ ငါတို့ လျှာသည် သီချင်းဆိုခြင်းနှင့်၎င်း ပြည့်ဝ၏။ တပါးအမျိုး သားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီဟု ဆိုကြ၏။