1. ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊
2. ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
3. အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
4. ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား။
5. စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား။