59. ကိုယ်လိုက်ရာလမ်းကို ဆင်ခြင်သောအခါ၊ သက်သေခံတော်မူ ချက်တို့သို့ လှည့်၍လိုက်ပါ၏။
60. ပညတ်တော်တို့ကို စောင့်ခြင်းငှါ မဖင့်မနွှဲ အလျင်အမြန် ပြုပါ၏။
61. မတရားသောသူ အစည်းအဝေးတို့သည် ကျွန်ုပ်ကိုဝိုင်းကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မမေ့မလျော့ပါ။
62. တရားသဖြင့် စီရင်တော်မူချက်တို့ကို ထောက် ၍၊ ဂုဏ်တော်ကို ချီးမွမ်းခြင်းငှါ၊ သန်းခေါင်အချိန်၌ အကျွန်ုပ် ထတတ်ပါ၏။
63. ကိုယ်တော်ကို ကြောက်ရွံ့သောသူ၊ ပေးတော်မူ သော ဩဝါဒကို နားထောင်သောသူရှိသမျှတို့နှင့် အကျွန်ုပ်ပေါင်းဘော်တတ်ပါ၏။
64. အိုထာဝရဘုရား၊ မြေကြီးသည် ကရုဏာတော် နှင့်ပြည့်ဝပါ၏။
65. အိုထာဝရဘုရား၊ နှုတ်ကပတ်တော်အတိုင်း ကိုယ်တော်၏ကျွန်၌ ကျေးဇူးပြုတော်မူ၏။
66. ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည် ဖြစ်၍၊ ကောင်းသော ဥာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။
67. အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ၏။
68. ကိုယ်တော်သည် ကောင်းသောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ။
69. မာနကြီးသော သူတို့သည် အကျွန်ုပ်တဘက်၌ မုသာစကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေ သများကို စိတ်နှလုံးအကြွင်းမဲ့ကျင့်ပါ၏။