ဆာ​လံ 119:3-8 Judson Bible (BJB)

3. ထိုသူတို့သည် ဒုစရိုက်ကိုမပြု၊ လမ်းခရီးတော်၌ လိုက်သွား တတ်ကြ၏။

4. အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘို့ရာ၊ ကိုယ်တော်သည် ဩဝါဒပေးတော်မူပြီ။

5. ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည် အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့်ပါစေသော။

6. အကျွန်ုပ်သည် ပညတ်တော် အလုံးစုံတို့ကို ထောက်ထားသောအခါ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏။

7. ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျက်ပြီးမှ၊ ဂုဏ်တော်ကို ဖြောင့်သော သဘောနှင့် ချီးမွမ်းပါမည်။

8. ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်။ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော်မမူပါနှင့်။

ဆာ​လံ 119