156. အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
157. အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။
158. သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ၏။
159. ကိုယ်တော်၏ ဥပဒသများကို အကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ။ အိုထာဝရဘုရား၊ ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကို အသက်ရှင် စေတော်မူပါ။
160. နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ၏။
161. အစိုးရသော သူတို့သည် အကြောင်းမရှိဘဲ အကျွန်ုပ်ကို ညှဉ်းဆဲကြသော်လည်း၊ အကျွန်ုပ်စိတ်နှလုံး သည် စကားတော်ကို ကြောက်ရွံ့ပါ၏။
162. လက်ရဥစ္စာများကို တွေ့သကဲ့သို့ ဗျာဒိတ်တော် စကားကြောင့် အကျွန်ုပ်ဝမ်းမြောက်ပါ၏။
163. မုသာစကားကို ကြားပျင်းရွံရှာပါ၏။ တရား တော်ကိုကား နှစ်သက်ပါ၏။
164. ဖြောင့်မတ်စွာ စီရင်တော်မူချက်များကြောင့် ကိုယ်တော်ကို တရက်လျှင် ခုနစ်ကြိမ် ချီးမွမ်းတတ်ပါ၏။