152. သက်သေခံတော်မူချက်တို့ကို အစဉ်အမြဲထား တော်မူကြောင်းကို၊ ရှေ့ဦးစွာမှစ၍ အကျွန်ုပ်သိပါ၏။
153. အကျွန်ုပ်ခံရသော ဆင်းရဲခြင်းကို ကြည့်ရှု၍၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်၏တရားကို မမေ့ မလျော့ပါ။
154. အကျွန်ုပ် အမှုကို စောင့်၍ အကျွန်ုပ်ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ်တော်အားဖြင့် အသက်ရှင်စေတော် မူပါ။
155. မတရားသောသူတို့သည် အထုံးအဖွဲ့တော်တို့ကို မရှာသောကြောင့်၊ ကယ်တင်ခြင်းနှင့် ဝေးကြပါ၏။
156. အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။
157. အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။
158. သစ္စာမရှိသောသူတို့ကို အကျွန်ုပ်သည်မြင်၍ စိတ်နာပါ၏။ အကြောင်းမူကား၊ သူတို့သည် ဗျာဒိတ်တော် စကားကို နားမထောင်ဘဲ နေကြပါ၏။